စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။

မတ်လ ၁၆ ရက် မနက်ပိုင်းက ချောင်းဦးမြို့နယ် နတ်ရေစခန်းမှ အင်အား ၆၀ ခန့်နဲ့ ချောင်းဦးမြို့မှ အင်အား ၄၀ ခန့် ပူးပေါင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ချောင်းဦးမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတစ်ခုအတွင်း ထွက်ပြေး ဝင်ရောက်ပုန်းခိုနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို RPG လက်နက်ကြီး ၁ လုံးနဲ့ ပစ်ခတ်ပြီး ၄၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မုံရွာ-မန္တလေးကားပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို တားပြီး ချောင်းဦးမြို့နဲ့ နတ်ရေကန်စခန်းဆီ စစ်ကြောင်းခွဲကာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် ပ.က.ဖ လက်ရုံး စစ်ကြောင်း)၊ Nway Oo Brothers Column နဲ့ Anyarthium (အညာမြေ တော်လှန်ရေးတပ်ဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ အနီးကပ်ချုံခိုတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၅ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇) ၅၀၀ ရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရကာ ၉လကြာ ဆေးကုသမှု ခံယူပြီးနောက် ရဲဘော် မောင်ဘုန်းပြည့်ကျော် ကျဆုံးခဲ့ (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။
Read More

တောင်ငူမြို့ ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး အရေးပေါ်သုံးပစ္စည်းများ လိုအပ်နေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။