ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။

မတ်လ ၁၈ ရက်နေ့အထိ  အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၆ သိန်းရှိပြီး မတ် ၂၀ ရက် ဒီနေ့မှာတော့ ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေစျေးမြင့်တက်လာမှုက ရက်ပိုင်းအတွင်း ရွှေစျေး နှစ်သိန်းလောက်အထိ မြင့်တက်လာတာဖြစ်ပြီး စျေးကွက်အတွင်း အရောင်းအဝယ်ကို စောင့်ကြည့်ပြီး လုပ်ဆောင်နေကြလို့ အရောင်းအဝယ်နည်းပါးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ယူကရိန်းနဲ့ ရုရှားအရေး အမေရိကန်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ကမ္ဘာ့ရွှေစျေးကို ရိုက်ခတ်မှုရှိခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းရွှေစျေး သိသိသာသာမြင့်တက်လာပေမယ့် အမေရိကန်ဒေါ်လာစျေးကတော့ တည်ငြိမ်နေတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ မတ် ၁ ရက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၈၅၇ သာ ရှိပေမယ့် မတ် ၂၀ ရက် ဒီနေ့မှာ အမေရိကန်ဒေါ်လာ ၃၀၄၃ အထိ ရှိခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေစျေးဟာ အခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းလာနိုင်တာကြောင့် ပြည်တွင်းရွှေစျေးလည်း ပြန်လည်ကျဆင်းလာနိုင်ဖွယ်ရှိတယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ တနင်္သာရီတိုင်း PDF တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေး၊ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ PDF တွေနား ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာများကို စစ်ကောင်စီက စစ်တွေကို ပို့ဆောင်

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ခေါ်ထုတ်သွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။