ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ARSA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ပို့ဆောင်ပြီး တရားဥပဒေအရ အရေးယူဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယင်ဂါ (Narayanganj) မြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ARSA အဖွဲ့ဟာ  ရိုဟင်ဂျာဒုက္ခသည်တွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ကာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူဖို့ Fortify Rights အဖွဲ့က တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲစခန်း ၃၀ ကို တပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သူတို့ရဲ့နိုင်ငံထဲမှာ အကြမ်းဖက်လုပ်ရပ်တွေ စီစဉ်နေတယ်လို့ သံသယရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာတာအူလ္လာဟ်အပါအဝင် ARSA အဖွဲ့ဝင် ၇ ယောက်ကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်မှုဆိုင်ရာ အမှုနှစ်ခုနဲ့ တရားစွဲဆိုထားပြီး ကျန်တဲ့အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၁ ယောက်ကိုတော့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိပေမယ့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ ထွက်‌ပြေးတိမ်းရှောင်

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်များကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က မေလ ၈ ရက်မှာပြောပါတယ်။
Read More

ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မော်ဒယ် နေရပ်ပြန်ရောက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံသား မော်ဒယ်ဖြစ်သူ Yang Zheqi ဟာ ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ကို လူကုန်ကူးခံရပေမယ့် အခုချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။