အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မနေ့ ကမတ် ၁၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ ငါးရက် ကြိုတင် လျှောက်ထားကာ ခွင့်ပြုချက် ရယူပြီးမှသာ ထွက်ခွါခွင့်ရှိမှာဖြစ်ပါတယ်။

PJ အလုပ်သမားတွေ အနေနဲ့ ပြည်ပထွက်ခွင့် ရရှိဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် migrantdeparture@gmail.com ကို တင်ပြ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအထဲမှာ ပြည်ပနိုင်ငံကို အသစ်ထွက်ခွာမဲ့ အလုပ်သမား၊ ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားစတဲ့ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူအားလုံး အကျုံးဝင်တယ်လို့ သိရပါတယ်။

အေဂျင်စီနဲ့ သွားရောက်မယ့်သူတွေကတော့ သွားရောက်မယ့်သူကိုယ်စား အေဂျင်စီက လျှောက်ထားပေးရမှာဖြစ်ပါတယ်

တစ်ဦးချင်းစီ မိမိအစီအစဥ်နဲ့ ပြည်ပထွက်ခွာမဲ့သူတွေကတော့ တစ်ဦးချင်းစီအလိုက် အထောက်အထားအပြည့်အစုံနဲ့ အလုပ်သမားဝန်ကြီးဌာနထံ အီးမေးလ်ပို့ပြီး ခွင့်ပြုချက်တင်ရမှာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင်ပြုချက်ကျလာမှသာ ပြည်ပထွက်ခွာခွင့် ရကြမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပထွက်ခွာခွင့် ရရှိသူတွေစာရင်းကို ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေဆီကို နေ့စဉ် ပေးပို့သွားမှာဖြစ်ပါတယ်။

OWIC ကတ် ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ခေတ္တ ရပ်ဆိုင်းခဲ့ပြီး အခု မတ်လ ၁၀ ရက်နေ့မှာတော့ OWIC ကတ် ရိုက်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်းဟောင်း သိန္ဓောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းတစ်ခုဖြစ်တဲ့ သိန္ဒောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။