အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရုတ်ချည်းရပ်တန့်လိုက်တာကြောင့် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေဟာ ပြင်းပြင်းထန်ထန် ဆိုးကျိုးခံစားနေရပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိက တနင်္လာနေ့မှာ ပြောဆိုခဲ့ပြီး ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အလုပ်တွေပိုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ၎င်းအနေနဲ့ အဖွဲ့ဝင်၄၇ နိုင်ငံကို “ဒီလိုပျံ့နှံ့လာနေတဲ့ (လူသားချင်းစာနာမှု အကျပ်အတည်းဆိုင်ရာ) ဘေးအန္တရာယ်ကို ဆန့်ကျင်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ဖို့” ပန်ကြားမှာဖြစ်ပြီး “အဲဒီစကားတွေကို အလုပ်နဲ့လိုက်ပါအရေးယူ ဆောင်ရွက်ကြဖို့ သူတို့ကို တိုက်တွန်းမှာဖြစ်တယ်” လို့ ဆိုပါတယ်။ 

“အရေးယူဆောင်ရွက်ရမဲ့အရာထဲမှာ ခုတ်ထစ်ခံရ၊ မီးရှို့ခံရပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသူတွေအတွက်အသက်ရှင်သန်ရပ်တည်ရေး အစီအစဉ်တွေ၊ အရေးတကြီးလိုအပ်နေတဲ့ ရန်ပုံငွေထောက်ပံ့တာတွေ ပါဝင်တယ်၊ ဒီကိစ္စတွေကို လူ့အခွင့်အရေးကောင်စီကမှ မလုပ်ရင် ဘယ်သူလုပ်မလဲ” လို့ သူက ပြောတာပါ။ 

အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှုအကူအညီတွေ ပေးဆောင်တဲ့ နိုင်ငံတခုဖြစ်ခဲ့ပြီး ထရမ့်အစိုးရအဖွဲ့နဲ့ ၄င်းတို့ကိုထောက်ခံသူတွေကတော့ အမေရိကန်က ဝန်ထုတ်ဝန်ပိုးတွေကို အချိန်အတော်ကြာအောင် ထမ်းထားရတယ်ဆိုပြီး စောဒက တက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဝတ်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်စွဲနဲ့ ကြေညာချက်မှာတော့ ၂၀၂၃ အောက်တိုဘာ ၁ ရက်ကစလို့ အမေရိကန်က လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၁၄၁ သန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်၊ တနင်္လာနေ့၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဥရောပရုံးချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေများကို မီဒီယာသို့ တင်ပြနေစဉ် (ဓာတ်ပုံ AP)

မြန်မာနိုင်ငံတဝှမ်း တော်လှန်ရေးလှုပ်ရှားမှု ပြင်းထန်နေပြီး စစ်အာဏာရှင်တွေ အားနည်းနေတာကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက် တိုးမြင့်လာချိန် အခုလို အကူအညီဖြတ်တောက်လိုက်တာက အချိန်အခါကောင်းမဟုတ်ကြောင်း၊ “မလိုအပ်တဲ့အပြင် ရက်စက်လှကြောင်း” အန်ဒရူးစ်က ပြောပါတယ်။ 

တီဘီရောဂါသည်တွေ၊ HIV ဝေဒနာရှင်တွေအနေနဲ့  ရက်သတ္တပတ်အတော်ကြာ ဆေးမရခဲ့ကြသလို မသန်စွမ်းကလေးငယ်တွေက ပြန်လည်ထူထောင်ရေးစခန်းတွေထဲ ပိတ်လှောင်ခံထားရပြီး လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ လူတွေကို အစားအစာနဲ့ ရေဖြန့်ဝေမှုတွေ မလုပ်နိုင်အောင် ဖြတ်တောက်ခံထားရကြောင်း သူကပြောပါတယ်။ 

“အကူအညီတွေ၊ အမေရိကန်အစိုးရက အဓိကထား ကူညီပံ့ပိုးမှုတွေကို ရုတ်တရက် အစီအစဉ်မရှိ ရုတ်သိမ်းလိုက်တာက မြန်မာပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိနေပြီဖြစ်တယ်” လို့ သူကဆိုပါတယ်။ 

ဒေါ်လာဘီလီယံချီပြီး နှစ်ပေါင်းများစွာ နိုင်ငံတကာမှာ အကူအညီတွေ ပေးအပ်နေတဲ့ USAID အပါအဝင် အမေရိကန်အစိုးရအတွင်းက လူပုဂ္ဂိုလ်၊ ဌာနတချို့နဲ့ ငွေကြေးအသုံးပြုမှုတွေကို DOGE ကတဆင့် လုပ်ဆောင်နေတဲ့ Elon Musk ရဲ့ လုပ်ဆောင်ချက်တွေအပေါ်ကိုလည်း အန်ဒရူးစ်က ဝေဖန်ထားပါသေးတယ်။ 

“ဒီကိစ္စအပေါ် ကျွန်တော်တို့အနေနဲ့ အတူတကွရပ်တည်ကြဖို့လိုတယ်” လို့လည်း သူက ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်၊ တနင်္လာနေ့၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဥရောပရုံးချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေများကို မီဒီယာသို့ တင်ပြနေစဉ် (ဓာတ်ပုံ AP)

 

မူရင်းသတင်း – A UN rights expert blasts the impact of US aid cuts on Myanmar

0 Shares:
You May Also Like
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။