မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၇၄ ယောက်အထိ သေဆုံးပြီး စစ်ကြောင်းပျက်စီးသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်းက သိရပါတယ်။

မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထောက်ဝရွာနဲ့ အိုရင်းရွာကြားအရောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သားနဲ့ ပျုစောထီး၆၉ ယောက်နေရာတင် သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက ဆေးရုံတက်ရောက်ကုသရင်း ၅ယောက် ထပ်မံသေဆုံးခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်ကထုတ်ပြန်ပါတယ်။

သေဆုံးသွားသည့် အကြမ်းဖက်စစ်သား ၁ ဦးကို တွေ့ရစဥ်

ဒီတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဗျတ်ဝိ (ပုဂံပြည်ဘီလူးတပ်) နဲ့ ရဲဘော် ငတေ (BGF) တို့ ဦးဆောင်ပြီး ပုဂံပြည် ဘီလူးတပ်၊ BGF (Burmese Guerrilla Force)၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နဲ့ မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်တပ်ဖွဲ့ဝင် ၁ယောက် ကျဆုံးခဲ့ရသလို BGF (Burmese Guerrilla Force) က တပ်ဖွဲ့ဝင် ၁ ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီး၊ ထန်းပုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ယမ်းသိုလှောင်ရာ နေရာများကို စစ်ကောင်စီ အဓိကထား တိုက်ခိုက်လာ၊ ဖားကန့်ရှိ ယမ်းသိုလှောင်ရာနေအိမ်ကို စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ ကား ၃ စီးနှင့် နေအိမ် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ယမ်းသိုလှောင်ရာနေရာကို စစ်အုပ်စုက ဇွန်လ ၉ ရက် မနက် ၁ နာရီလောက်မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။