ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ – PBDF ထံက သိရပါတယ်။

မတ်လ ၆ ရက် မနက်ကနေ ညနေပိုင်းအထိ ညောင်ဇင်ကျေးရွာမှာ အင်အား ၇၀ နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ရန်တောင်ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့နဲ့ T5Wings ဒရုန်းတပ်ဖွဲ့၊ DRAGON SQUAD DRONE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

နတ်အိမ်တောင် စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေ၊ အများအပြားဒဏ်ရာရကာ ပြန်ဆုတ်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲနှင့် စစ်သားများကို ငလျင်ကယ်ဆယ်မှုအတွင်း မတွေ့ရသည့်အပေါ် ပြည်သူများ မေးခွန်းထုတ် (ရုပ်/သံ)

ငလျင်ဒဏ်သင့် နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်ဘဲ ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အုတ်နီခဲတွေကို သယ်ယူနေတဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူ‌စောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Dynamite - Special Task Forceမှ သတင်းထုတ်ပြန် ထားပါတယ်။