စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မတ်လ ၁၅ ရက်နဲ့ ၁၆ ရက် မနေ့က ကသာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကူစစ်ကြောင်းဟာ အင်းတော်မြို့နယ်ဘက် စစ်ကူလာရောက်ချိန် လမ်းတစ်နေရာမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၄၀ ခန့်သေဆုံးခဲ့ပြီး အယောက် ၃၀ ခန့် အရှင်ဖမ်းမိကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ ကသာမြို့နယ်အတွင်း ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

အင်းတော်မြို့ကို KIA၊ PDF နဲ့ ကျောင်းသားတပ်မတော်(ABSDF)တို့က ၂၀၂၄ ခုနှစ် ဩဂုတ်လက စတင်လို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီး အင်းတော်မြို့နဲ့ လေးမိုင်ခန့်အကွာက နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ အင်းတော်မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းရင်းသားလက်နက်ကိုင်ဒေသနှင့် ပြည်ပကိုရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ကျဉ်း ၉ ဦး သေဆုံး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်လာပါတယ်။
Read More

နပခ လက်အောက်ခံ စခန်းကုန်းကနေ ဆုတ်ခွာလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ (၂ ) ယောက် သေပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ စခန်းကုန်းကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက် သေဆုံးပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အစည်းအဝေး NLD  တက်ရောက်မည် မဟုတ်၊ အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဟု ဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။