ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ပဲခူးတိုင်းပကဖ ရဲဘော်တွေဟာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

အမျိုးသားညီရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ကလည်း ပကဖ၊ PDF နဲ့ မဟာမိတ်တော်‌‌လှန်ရေးအဖွဲ့တွေ အားလုံးပါဝင်တဲ့ အထွေထွေထိုးစစ်ကြီးကသာ အကြမ်းဖက်စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ တပ်မှူး သင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မိန့်ခွန်းသဝဏ်လွှာ ပေးပို့ရာမှာ ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။