မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာမှာ နေထိုင်သူ ၁ ယောက်ဟာ စိတ်ကြွဆေးပြား WY တွေ ရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် မြို့နယ် ပကဖ တာဝန်ခံ ညွှန်ကြားချက်နဲ့ စဉ့်ကူးမြို့နယ် ပကဖ ရဲဘော်တွေက မတ်လ ၁၄ ရက်မှာ နေအိမ်အတွင်း သွားရောက် ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုဝင်ရောက် ရှာဖွေချိန် WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးဌာနကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုနဲ့ ပတ်သက်တဲ့ တရားခံတွေကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူသွားမှာ ဖြစ်ပြီး စဉ့်ကူးမြို့နယ်အတွင်း ဒုစရိုက်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေး လုပ်ဆောင်သွားမယ်လို့ စဉ့်ကူး ပကဖ က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။