အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  

တွေ့ဆုံမှုအတွင်း Kim Aris (ခေါ်) ကိုထိန်လင်းနဲ့အတူ  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး Sean Turnell တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 

တွေ့ဆုံပွဲကို နယူးယောက်ဒေသခံ မြန်မာမိသားစုတွေအပါအဝင် နီးစပ်ရာ တခြားမြို့တွေက မြန်မာမိသားစုတွေ၊ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေ စုစုပေါင်း လူ ၁၀၀၀ နီးပါးလောက် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲအတွင်း Kim Airs ရဲ့ ပုံတူပန်းချီကား၊ Suu 80th Birthday Calender နဲ့ Suu 80th Birthday Postcard ရောင်းချမှု စတာတွေကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ဖို့အတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးဟု CRPH ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

“သက်ရှိစည်းရိုး” ဟု ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် စစ်ကောင်စီ၏ ဥကရစ်ထစခန်း တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ “သက်ရှိစည်းရိုး” ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့ရာ မြဝတီမြို့အနီးရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။