အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို အရေးယူပေးဖို့ ဥရောပသမဂ္ဂ အစိုးရအဖွဲ့ဝင်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ဆိုပါတယ်။ 

နိုင်ငံသားတစ်ယောက်ရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးဖို့ အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အာဏာသိမ်းစစ်တပ်ကို အရေးယူပေးဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။

“၂၀၂၅ ILO ပုဒ်မ (၃၃)အရ ချက်ချင်း အရေးယူပေး ILO implement Article 33 on Myanmar Now 2025” ပိုစတာတွေနဲ့အတူ တောင်းဆိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ နိုင်ငံတစ်ဝန်းက တော်လှန်ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သပိတ်အဖွဲ့တွေက ဆက်တိုက်ဆိုသလို တောင်းဆိုမှုတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမြို့နယ်၊ ပန်းပင်ကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီးပြန်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ သဲကုန်းမြို့ ၊ ပန်းပင်ကုန်းကျေးရွာ ၊ အောင်စည်သာကွက်သစ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆီက သိရပါတယ် ။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။