မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ ၁၄ရက် မနေ့က မွန်းလွဲပိုင်းမှာ မြိုင်မြို့နယ်အနောက်ပိုင်း ဆူးဝင်းရွာ၊ ဝယ်တောင်(တ) ရွာ ဘုန်းကြီးကျောင်းနဲ့ ဝယ်တောင်(တ)ရွာ မြောက်ပိုင်းတို့ကို စစ်ကောင်စီရဲ့ မကွေးနဲ့ မိတ္ထီလာက လာတဲ့ ဂျက်ဖိုက်တာတွေက ပေါင် ၅၀၀ ဗုံးတွေနဲ့ ရော့ကတ်တွေ ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဂျက်ဖိုက်တာတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆူးဝင်းရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အိမ်မီးလောင်ပျက်စီးကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပြိုကျပြီး ဘုန်းကြီး ၁ ပါး ၊ ကိုရင်၃ပါး နဲ့ အရပ်သား၆ယောက်ထိခိုက်ဒဏ်ရာရရှိကာ ကိုရင်ကြီး ၁ ပါးနဲ့ လူငယ်အမျိုးသား ၂ ယောက်လည်း နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဒီကောင်တွေ စစ်ကြောင်းမထိုးလို့ တိုက်ပွဲလည်း မဖြစ်ဘူးဗျ။ ဒါကို အရပ်သားတွေပဲ ရှိတဲ့ဟာ သက်သက်မဲ့လုပ်သွားတာပါ။ ၁၂ နာရီလောက်မှာပေါ့ ဝယ်တောင်(တ) ရွာ ဘုန်းကြီးကျောင်းနဲ့ ဝယ်တောင်(တ)ရွာ မြောက်ပိုင်းကို အရင်ပစ်တယ်။ နောက် ဆူးဝင်းရွာကို ပက်ပြီး ချတယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့ပုံအတိုင်းပါပဲ ။ ပေါင် ၅၀၀ တွေရော၊ ရော့ကတ်တွေရော ပစ်သွားတယ်ပေါ့။ ဘုန်းကြီးကျောင်းက သိမ်ပေါ်ကျလို့ ထိခိုက်မှုများတာပါ” လို့ မြိုင်ပကဖ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဝယ်တောင် (တ) ရွာ မြောက်ပိုင်းက အရပ်သား နေအိမ် ၄ လုံးလည်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးကာ အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။