မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မတ်လ ၇ရက်နေ့ကစလို့ ၁၂ရက်နေ့အထိ  သာဂေါင်(ရွာမ)ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ၆ လောင်းကို ဒေသခံတွေ တွေ့ရှိခဲ့ရာမှာ အသက် (၆၅)နှစ်အရွယ် သာဂေါင်လေးရွာခံ ဦးချစ်မောင်ရဲ့ ဦးခေါင်းဟာ ငုတ်တိုင်တစ်ခုပေါ် ချိတ်ဆွဲခံထားရပြီး ခန္ဓာကိုယ် မီးရှို့ခံထားရကြောင်း၊ အသက် (၄၂) အရွယ် သာဂေါင်(ရွာမ) ရွာခံ ဦးသန်းလှိုင်ဟာလည်း အလားတူ နှိပ်စက်မီးရှို့ကာ မြေမြုပ်ခံထားခဲ့ရကြောင်း ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်း ရွာထဲဝင်လာချိန် မရှောင်တိမ်းနိုင်ခဲ့တဲ့ သာဂေါင်(ရွာမ) ရွာခံ အသက် (၉၁) နှစ်အရွယ် ဦးအုန်နဲ့ အသက် (၇၀) အရွယ် ဒေါ်စန်းဝေ တို့အပြင် လူသားဒိုင်းလုပ်ဖမ်းဆီးထားတဲ့ အရပ်သား၂ယောက်ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေ သာဂေါင်(ရွာမ) အတွင်းဝင်ရောက်တပ်စွဲနေချိန်မှာ စစ်ဘေးရှောင်မိသားစုတွေရဲ့ ရွှေ၊ ငွေနဲ့ တန်ဘိုးကြီးဥစ္စာပစ္စည်းတွေကို မွှေနှောက် ခိုးယူတာ၊  အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် ချက်ပြုတ်စားသောက်တာတွေ စိတ်ကြိုက် လုပ်ဆောင်ခဲ့တယ်လို့လည်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

“တလရ အဖွဲ့တွေက စစ်ကြောင်းကို အခွင့်ရရင်ရသလို ဆော်နေတာ၊ ခွေးတွေ ထိခိုက်သေဆုံးတာတွေရှိတယ်၊ သတင်းမထုတ်ပြန်ကြတာ၊ တိုက်ပွဲတွေဖြစ်နေတော့ ပြည်သူတွေလည်း ပြေးနေကြရတယ်။” လို့ ရေစကြို သတင်းအချက်လက်ကော်မတီတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၂ရက်နေ့၊ မနက်အစောပိုင်းကစလို့ ပခုက္ကူတပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြိုရေလယ်ကျွန်းဒေသကျေးရွာတွေနဲ့ ပခုက္ကူ-မန္တလေးကားလမ်းဘေးကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ အကြမ်းဖက်စစ်ကြောင်းဟာ ရှေ့မှာလည်း မြေစွန်းတော်နဲ့ မာလာခြံရွာတို့က အရပ်သား ၁၁ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးပြီး နေအိမ်တွေကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခိုးယူသွားခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခေါင်းဖြတ် သတ်ထားသည့် အလောင်းများကိုတွေ့ရစဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်တွင် မင်္ဂလာဆောင်နေအိမ်ပေါ် စစ်ကောင်စီ ဗုံးကြဲ၊ သတို့သမီး အပါအဝင် ၁၀ ဦး သေဆုံးကြောင်း ကနဦး သိရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးရွာရှိ မင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးနှင့် ကလေးငယ် အပါအဝင် ၁၀ယောက် သေဆုံးကာ အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ ကနဦး သိရပါတယ်။
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကောလင်းအရှေ့ခြမ်းရှိ ဆေးရုံနှင့်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ပိုက်တီမြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ (၂၀)ရက် ဒီနေ့ ညနေပိုင်းမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။