မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မတ်လ ၇ရက်နေ့ကစလို့ ၁၂ရက်နေ့အထိ  သာဂေါင်(ရွာမ)ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ၆ လောင်းကို ဒေသခံတွေ တွေ့ရှိခဲ့ရာမှာ အသက် (၆၅)နှစ်အရွယ် သာဂေါင်လေးရွာခံ ဦးချစ်မောင်ရဲ့ ဦးခေါင်းဟာ ငုတ်တိုင်တစ်ခုပေါ် ချိတ်ဆွဲခံထားရပြီး ခန္ဓာကိုယ် မီးရှို့ခံထားရကြောင်း၊ အသက် (၄၂) အရွယ် သာဂေါင်(ရွာမ) ရွာခံ ဦးသန်းလှိုင်ဟာလည်း အလားတူ နှိပ်စက်မီးရှို့ကာ မြေမြုပ်ခံထားခဲ့ရကြောင်း ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်း ရွာထဲဝင်လာချိန် မရှောင်တိမ်းနိုင်ခဲ့တဲ့ သာဂေါင်(ရွာမ) ရွာခံ အသက် (၉၁) နှစ်အရွယ် ဦးအုန်နဲ့ အသက် (၇၀) အရွယ် ဒေါ်စန်းဝေ တို့အပြင် လူသားဒိုင်းလုပ်ဖမ်းဆီးထားတဲ့ အရပ်သား၂ယောက်ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေ သာဂေါင်(ရွာမ) အတွင်းဝင်ရောက်တပ်စွဲနေချိန်မှာ စစ်ဘေးရှောင်မိသားစုတွေရဲ့ ရွှေ၊ ငွေနဲ့ တန်ဘိုးကြီးဥစ္စာပစ္စည်းတွေကို မွှေနှောက် ခိုးယူတာ၊  အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် ချက်ပြုတ်စားသောက်တာတွေ စိတ်ကြိုက် လုပ်ဆောင်ခဲ့တယ်လို့လည်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

“တလရ အဖွဲ့တွေက စစ်ကြောင်းကို အခွင့်ရရင်ရသလို ဆော်နေတာ၊ ခွေးတွေ ထိခိုက်သေဆုံးတာတွေရှိတယ်၊ သတင်းမထုတ်ပြန်ကြတာ၊ တိုက်ပွဲတွေဖြစ်နေတော့ ပြည်သူတွေလည်း ပြေးနေကြရတယ်။” လို့ ရေစကြို သတင်းအချက်လက်ကော်မတီတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၂ရက်နေ့၊ မနက်အစောပိုင်းကစလို့ ပခုက္ကူတပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြိုရေလယ်ကျွန်းဒေသကျေးရွာတွေနဲ့ ပခုက္ကူ-မန္တလေးကားလမ်းဘေးကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ အကြမ်းဖက်စစ်ကြောင်းဟာ ရှေ့မှာလည်း မြေစွန်းတော်နဲ့ မာလာခြံရွာတို့က အရပ်သား ၁၁ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးပြီး နေအိမ်တွေကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခိုးယူသွားခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခေါင်းဖြတ် သတ်ထားသည့် အလောင်းများကိုတွေ့ရစဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် စစ်အရာရှိများကို သင်တန်းပေးနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။