မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း – Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၆ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရတဲ့ စစ်သား ၅ ယောက်က MA-3 တစ်လက်၊  MA-1 တစ်လက်၊ ကျည်ဘောက် လေးခု၊ ၅.၅၆ ကျည်ဆံ အတောင့် ၆၀၀ ၊ ၆၀ မမကျည် တစ်လုံးတို့နဲ့အတူ မတ်လ ပထမအပတ်မှာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ထိုက်တန်တဲ့ ဆုကြေးပေးအပ်ခဲ့ပြီး ကာကယံရှင်တွေရဲ့ ဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်စခန်း အဓိက ကာကင်းကို AA ပူးပေါင်းတပ်များ သိမ်းယူထား

အမ်း-ပဒါန်းလမ်းပေါ်က စစ်ကော်မရှင်တပ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး စစ်စခန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းတွင် စစ်ဆေးရန် ရပ်မပေးသည့် စစ်အုပ်စု အိမ်စီးကားကို ပစ်ခတ်ရာ အဆောင်ယတြာနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စု မောင်းနှင်လာတဲ့ အိမ်စီးကားကို စစ်ဆေးဖို့ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံက သိရပါတယ်။
Read More

ရွှေမှော်မှ ပြန်လာသည့် ပြည်သူ ၆ ဦးကို စစ်အုပ်စု အရှင်လတ်လတ် မီးရှို့သတ်၊ ၁ ဦး ထွက်ပြေးလွတ်မြောက်လာ

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ကော်မရှင်တပ်က ဒေသခံများအား အတင်းအဓမ္မ ဖမ်းဆီးကာ ရွေးကောက်ပွဲအတွက် အဓမ္မစေခိုင်းမှုအချို့ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။