စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် မတ်လကနေ လက်ရှိ ၂၀၂၅ ဖေဖော်ဝါရီလအထိ ရရှိထားတဲ့ စာရင်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၅၃၀၀ ကျော် သေဆုံးခဲ့ရပြီး ၃၈၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Data For Myanmar ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ် ကျူးလွန်မှုတွေကို အဓိက သုတေသနပြုလေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အနီးစပ်ဆုံးဖြစ်ရပ်တွေအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာပဲ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၂ မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကြောင့်  အရပ်သားပြည်သူ  ၄၃ ယောက် သေဆုံးခဲ့ရပြီး ၆၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၄ နှစ်တာအတွင်း ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ ကလေးခရိုင်တွေဟာ အခြားခရိုင်တွေထက် အရပ်သားသေဆုံးမှု များပြားတဲ့ ဒေသတွေဖြစ်ပြီး အဲဒီမှာ သေဆုံးသူ လေးထောင့်ငါးရာကျော် (၄၅၂၉ ဦး) အထိရှိခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုခရိုင်မှာ  ၄နှစ်တာအတွင်း အရပ်သားပြည်သူ ၁၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ခရိုင်တွေအတွင်း အများဆုံးခရိုင်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသားက ၇၀ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရမှုအများစုကတော့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးကာ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်မှုတွေ အပါအဝင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ သေဆုံးခဲ့ရသူ အများဆုံး ဖြစ်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ရာနဲ့ချီပေါ်ပေါက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို မကြာခဏထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်းသားတွေကို ထောက်ပံ့ဖို့ဆိုပြီး ဧရာဝတီတိုင်းထဲမှာ ပိုက်ဆံကောက်နေ

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်သင်တန်းသားတွေအတွက် ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လိုင်းကြေးကောက်ပြီး ပြန်လာသည့် ရဲတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရပေမယ့် ထွက်ပြေးလွတ်မြောက်သွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ လိုင်းကြေးကောက်ပြီး ပြန်လာတဲ့ ရဲတပ်ကြပ်ဆိုသူကို ပစ်ခတ်ရှင်းလင်းရာ  လက်ပစ်ဗုံး အပါအဝင် ကျည်ဆံတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ 
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။