အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။ 

ပထဝီနိုင်ငံရေး အခြေအနေတွေအရ အထူးစီးပွားရေးဇုန်တွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအနေနဲ့လည်း ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း စိုးဝင်းက ဆိုပါတယ်။

အာဏာသိမ်း ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာ မတ်လ ၁၁ရက်က ပြုလုပ်တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့  ဥက္ကဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ 

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

လက်ရှိ ဖော်ဆောင်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်မှာအကောင်အထည်ပေါ်လာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးနဲ့စီးပွားရေး ပေါင်းစပ်ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။ 

လက်ရှိတရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးမှာတော့ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက အပြင်းအထန် ခုခံနေရချိန်လည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေ နီးကပ်လာချိန်အထိ စစ်ကောင်စီကတော့ တရုတ်အစိုးရအဖွဲ့ဝင်တွေကို ကျောက်ဖြူအထူးစီးပွါးရေးဇုန် အောင်မြင်အောင် ဖော်ဆောင်မယ်လို့ ကတိပေးပြောကြားမှုတွေလည်း ပြုလုပ်ထားပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံမှုအချို့ ပြုလုပ်ဖို့ သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ရုရှားက လာရောက်ရင်းနှီးမြှုပ်နှံမယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

0 Shares:
You May Also Like
Read More

PDF စိုးမိုးနယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ဆီမီးခုံမြို့တိုက်ပွဲအတွင်း မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၊ ၃ ဦးကိုသာ ကောင်းမွန်စွာ သင်္ဂြိုဟ်ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့တိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၆ယောက် ကျဆုံးခဲ့ပြီး ၃ ယောက်ကိုပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့ စကစ ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရ၊ ခွင့်ပြုချက်ရတာနဲ့ ကူညီမှုတွေ စတင်မယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ပြော

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်သူတွေကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း၊ ခွင့်ပြုမိန့်ရတာနဲ့ ကူညီမှုတွေ စတင်မှာဖြစ်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF, Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနန်းကွင်း ဗျူဟာစခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေပြီး လက်နက်ခဲယမ်းများပါရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။