ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားတဲ့ ထန်းတပင်မြို့နယ်(ထောတထူး)အတွင်းက ကျေးရွာတွေဆီ ဆေးမှူး နော်ဆေးမူးဖောရဲ့ FBR နဲ့ ဒေသတွင်းဆေးကုသရေးအဖွဲ့ဝင်တွေဟာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေချိန် မတ်လ ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Free Burma Ranger (FBR) ရဲ့စာအရ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် ဆေးမှူး၁ယောက် နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး  အသက် ၂၅ နှစ်အရွယ် နော်ဆေးမူးဖောကတော့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေနဲ့အတူ မတ်လ ၁၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားဆေးမှူး၁ယောက်လည်း အပြင်းအထန် ထိခိုက်​ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ကွယ်လွန်သွားတဲ့ နော်ဆေးမူးဖောဟာ ထန်းတပင် ဒေသခံဖြစ်ပြီး Jungle School of Medicine Kawtholei (JSMK) သင်တန်းကို ၂၀၂၃ ခုနှစ်မှာပြီးဆုံးကာ ဟုမုဒယ်ဆေးခန်း (Hu Mu Del Clinic) ရဲ့ ဆေးမှူးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် FBR နဲ့အတူ တောင်ငူခရိုင်အတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော်တွေကို ဆေးကုသမှုတွေလုပ်ဆောင်ပေးခဲ့တယ်လို့ Free Burma Ranger (FBR) က ဆိုပါတယ်။

မတ်လပထမပတ်အတွင်းမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ သပြေညွန့် စစ်စခန်း တိုက်ခိုက်ခံရပြီး တော်လှန်ရေးတပ်တွေက စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် မတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၄ရက်တာအတွင်း စစ်ကောင်စီက အထက်ပါဒေသအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးသီးတွေ၊ မီးလောင်ဗုံးတွေနဲ့ စက်လက်ပစ်ခတ်တာတွေဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး ရွှေပြည်သာ မကျည်းတော၊ ကျောက်ကြီးပေါက်နဲ့ ကွေ့ကြီး(စံပြ) ရွာတွေက အမျိုးသား အမျိုသမီး ၄ယောက် သေဆုံးခဲ့သလို ၇ယောက်ထက်မနည်း ထိခိုက်​ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ဗုံး ထိမှန်သေဆုံးခဲ့သည့် နော်ဆေးမူးဖော (ဓာတ်ပုံ Free Burma Ranger (FBR))

0 Shares:
You May Also Like
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ဗုံးသီးအချို့ မပေါက်ကွဲဘဲ ကျန်နေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အအဦးတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ် အရှေ့ခြမ်းက မကျီးပင်ရွာနဲ့ အောင်သုခရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ ယနေ့ မြန်မာပြည်လာမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေး ညှိနှိုင်းရေးမှူး Tom Fletcher ဟာ မြန်မာနိုင်ငံကို ဧပြီလ ၄ ရက် သောကြာနေ့မှာ ရောက်ရှိမယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။