အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။ 

ပထဝီနိုင်ငံရေး အခြေအနေတွေအရ အထူးစီးပွားရေးဇုန်တွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအနေနဲ့လည်း ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း စိုးဝင်းက ဆိုပါတယ်။

အာဏာသိမ်း ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာ မတ်လ ၁၁ရက်က ပြုလုပ်တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့  ဥက္ကဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ 

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

လက်ရှိ ဖော်ဆောင်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်မှာအကောင်အထည်ပေါ်လာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးနဲ့စီးပွားရေး ပေါင်းစပ်ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။ 

လက်ရှိတရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးမှာတော့ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက အပြင်းအထန် ခုခံနေရချိန်လည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေ နီးကပ်လာချိန်အထိ စစ်ကောင်စီကတော့ တရုတ်အစိုးရအဖွဲ့ဝင်တွေကို ကျောက်ဖြူအထူးစီးပွါးရေးဇုန် အောင်မြင်အောင် ဖော်ဆောင်မယ်လို့ ကတိပေးပြောကြားမှုတွေလည်း ပြုလုပ်ထားပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံမှုအချို့ ပြုလုပ်ဖို့ သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ရုရှားက လာရောက်ရင်းနှီးမြှုပ်နှံမယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် ရှိနေသေးတာကြောင့် ပြည်သူများကို ဝင်ရောက်ခွင့်မပြုသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေအနေနဲ့ လတ်တလော မင်းတပ်မြို့ကို ဝင်ထွက်ခြင်းမပြုဖို့ ချင်းညီနောင်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်း မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပြုလုပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ထောင်ပိုင်အရာရှိတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ်၊ ကျောက်အိုး (မြောက်) ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းကာ အိမ်တွေကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။