စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် (၁) ယောက်နဲ့  ပုလဲမြို့ခံတပ်က တပ်သား (၂) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် လှမင်းဆိုသူဟာ MA1 သေနတ် တစ်လက်နဲ့အတူ အလင်းဝင်လာခဲ့ပြီး မတ်လ ၆ ရက်နေ့မှာလည်း ပုလဲမြို့ခံတပ်က တပ်သား ဝေအောင်နဲ့ တပ်သား မျိုးကျော်တို့ လက်နက်နဲ့တကွ BNRA  တပ်ဖွဲ့ထံ အလင်းဝင်ရောက် ပူးပေါင်းလာခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A))

အလင်းဝင်လာသူ ၃ ယောက်ထဲက ၂ ယောက်ဟာ စစ်မှုထမ်းဖို့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး သူတို့ဆီမှာ MA 1 သေနတ် (၂) လက်နဲ့ ကျည်ဘောက် (၂) ခု၊ ကျည် (၄၉) တောင့် ပါလာခဲ့ပါတယ်။ လက်နက်သယ်ဆောင်လာခဲ့တဲ့ တပ်သား ၂ယောက်ကို တစ်ယောက် ငွေကျပ် သိန်း (၂၀) စီ ဆုချီးမြှင့်ခဲ့ပြီး ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) အနေနဲ့ စစ်တပ်အတွင်းက CDM လုပ်လိုသူ၊ ပြည်သူ့ရင်ခွင့်ထံ ခိုလှုံလိုသူတွေကို နွေးထွေးစွာ ကြိုဆိုကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ 

 

0 Shares:
You May Also Like
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။