96 Soldiers – PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဲဘော်ဝေဖြိုးအောင်(ခေါ်)တစ်ဆယ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ခွဲမှာ ပါဝင်ပြီး စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်တစ်ဆယ် အနေနဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲရဲ့ လမ်းခုလပ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တာဖြစ်ပါတယ်။

96 Soldiers – PDF တပ်ဖွဲ့အနေနဲ့ ရဲဘော်တစ်ဆယ် အတွက် ကြေကွဲဝမ်းနည်းစွာ ယူကျုံးမရဖြစ်ရသလို ကျဆုံးရဲဘော်ရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များဝင်တိုက်၊ စစ်သား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်ပေါ်က အကြမ်းဖက်စစ်တပ်ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂ လက်နဲ့အတူ အကြမ်ဖက်စစ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ကနဦးသတင်း ရရှိခဲ့ပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။