စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလှုပ်ရှားမှုဟာ မြန်မာအလုပ်သမားထုရဲ့ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပေါ် မတရားဖိနှိပ်တားမြစ်တာတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေနဲ့ “Article 33“ နဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတိုက်တွန်းလိုတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။