ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

တပ်သားသစ် လျှောက်ထားချင်သူတွေဟယ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် စိတ်ဆန္ဒပြင်းပြပြီး တာဝန်အရ အထက်က ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ လိုပြီး အမိန့်နာခံမှုအားကောင်းသူ ဖြစ်ဖို့လိုသလို အများနဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်ရမယ်လို့ ဆိုပါတယ်။

တပ်သားသစ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးကာ တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီး အဖွဲ့မှာ အနည်းဆုံး (၂)နှစ် တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ကျောက်မဲ ပကဖ က ဆိုပါတယ်။

တပ်သားအသစ်တွေဟာ တိုက်ခိုက်ရေး၊ ဆေးဝါးကုသရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ရုံးလုပ်ငန်း စတဲ့ ကဏ္ဍတွေထဲက ကိုက်ညီတဲ့နေရာမှာ တာဝန်ထမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။

တိုက်ခိုက်ရေးမှာ တာဝန်ထမ်းဆောင်ချင်တဲ့ တပ်သားသစ်တွေအနေနဲ့ ပြည်သူတွေအပေါ် မိမိကိုယ်ကို နှိမ့်ချကာ အမိန့်နာခံမှု အားကောင်းပြီး စစ်မှုထမ်းဖို့ လုံလောက်တဲ့ ကျန်းမာရေးကောင်းမွန်ဖို့ လိုအပ်ကာ လိုအပ်ရင် ထမ်းဆောင်ရမယ့် တာဝန်အလျောက် သတ်မှတ်ထားတဲ့ သင်တန်းတွေ တက်ရောက်နိုင်ရမယ်လို့ သိရပါတယ်။

ဆေးဝါးကုသရေးကို စိတ်ဝင်စားတဲ့ တပ်သားသစ်တွေ အနေနဲ့လည်း အင်္ဂလိပ်စာ အခြေခံ တတ်မြောက်ထားဖို့ လိုပြီး ပညာအရည်အချင်း အလယ်တန်းအောင်မြင်ပြီးသူ ဖြစ်ကာ လူအများနဲ့ ဆက်ဆံတဲ့အခါမှာ စိတ်ရှည်သည်းခံ နားလည်ပေးတတ်ရမယ်လို့ ဆိုပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးကို စိတ်ဝင်စားတဲ့ တပ်သားသစ်တွေ အနေနဲ့ ကိုယ်ကျိုးစီးပွားကို ပဓာနမထားပဲ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး စာရင်းအင်းတွေကို အချက်အလက်ကျစွာနဲ့ တင်ပြနိုင်ရမှာ ဖြစ်တဲ့အပြင် ယာဥ်၊ ယန္တရားတွေကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ဖို့ လိုသလို စက်ပစ္စည်းကဏ္ဍမှာ ကျွမ်းကျင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ရုံးလုပ်ငန်းကို စိတ်ဝင်စားတဲ့ တပ်သားသစ်တွေ အနေနဲ့ကတော့ အများနဲ့ သင့်တင့်လျောက်ပတ်စွာ ဖော်ရွေပြူငှာဆက်ဆံနိုင်ကာ စေ့စပ်သေချာသူ ဖြစ်ဖို့လိုပြီး လိုအပ်တဲ့ သင်တန်းတွေကို တက်ရောက်နိုင်ရမယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီ တပ်သားသစ် လျှောက်ထားချင်ရင် https://www.facebook.com/profile.php?id=100059938350559 နဲ့ ကျောက်မဲမြို့နယ်(ပကဖ) ရုံးမှာ လာရောက် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သိန်းခွန်ကျေးရွာတိုက်ပွဲမှ တစ်ပတ်အတွင်း စစ်သား ၉ ဦး သေနတ် ၅ လက်နှင့်အတူ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။