ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ သပြေညွန့်စခန်းကို မတ်လ ၈ရက်နေ့ မနက်အစောပိုင်းမှာ KNLA PDF ပူးပေါင်းတပ်တွေကအပြီးသတ် ချေမှုန်းသိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၆ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် PDF ရဲဘော် ၃ယောက် ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ခလရ ၇၃ လက်အောက်ခံ၊ သပြေညွန့်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“အဲ့စခန်းက ခလရ ၇၃ နဲ့လည်း နီးတယ်။ အင်အားကလည်း ၅၀ ဝန်းကျင်လောက်ရှိပါတယ်။  ကျနော်တို့ တပ်ရင်းက ချေမှုန်းရေးကိုတာဝန်ယူပြီး ရှေ့ဆုံးကနေ တိုက်ခဲ့ပါတယ်။ ၆ရက်နေ့ကနေ စပြီးချဥ်းကပ်တယ်။ ၇ရက်နေ့မှာ တစ်နေကုန် ပွဲပြင်းထန်တယ်။  ၈ရက်နေ့ မနက်အစောပိုင်းကျတော့ စခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်” လို့ အထူးကွန်မန်ဒို တပ်ရင်း P-29914 တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ နီးပါးထွက်ပြေးသွားသလို လက်နက်ခဲယမ်းတွေနဲ့ မျက်မြင်အလောင်း ၁၀ လောင်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း P-29914 နဲ့အတူ KNLA တပ်မဟာ ၂/၃ တို့က ချေမှုန်းရေးလုပ်ဆောင်ခဲ့ပြီး ဖြတ်တောက်ရေးအဖြစ် တပ်ရင်း ၃၅၀၂စစ်ကြောင်း၊ အာဠာဝကစစ်ကြောင်း၊ ဧရာဝတီ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးတပ်၊ ရန်ကုန်စစ်ကြောင်းနဲ့ အုတ်တွင်းပကဖ တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စကစဘက်မှ ​ကျဆုံးသူများ
0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် မလောင်ရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ဦး သေဆုံးကာ လသားအရွယ်ကလေးငယ် ၁ဦးသာ ကျန်ရစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် မနေ့ည ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မလောင်ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ယောက်ထဲက ၃ယောက် သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)ရှိအရာရှိ၊ အရာခံတွေနဲ့ အမျိုးသမီးတပ်ရင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊ ခွန်အားနဲ့ ကြံကြံခိုင်နိုင်မှုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့"အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။