ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

KNA ရဲ့ အခြေခံစစ်သင်တန်းမှာ သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင် တက်ရောက်အောင်မြင်ခဲ့ပြီး ပြည်တွင်း ပြည်ပရှိ ကယန်းပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ လက်နက်တွေ အပ်နှင်းတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယန်းမျိိုးသား တပ်မတော် (KNA) ဟာ တပ်ရင်း (၈)ရင်းနဲ့ စတင်ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

KNA အနေနဲ့ ပထမဆုံး အပတ်စဉ် သင်တန်းဆင်းပွဲနဲ့အတူ ၂၁၀၉ ၊ ၂၁၁၁ တပ်ရင်း နှစ်ရင်းကို ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

_cuva
_cuva
_cuva
_cuva

0 Shares:
You May Also Like
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တွေရဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်တပ်တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆောင်းရာသီ ဝင်လာပြီဖြစ်တာကြောင့် ဂန့်ဂေါနယ်မှ စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။