အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုးထားတဲ့ ထု​တ်ပြန်စာမှာ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကို NUG အစိုးရအဖွဲ့ကနေ အနားယူခွင့်ပြုလိုက်ပြီလို့ ဖော်ပြထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ် ခွန်းဗဟန်းထန် နဲ့ ဦးအောင်ကျော်မိုး တို့ တာဝန်ယူထားတာပါ။ လက်ရှိမှာ ခွန်းဗဟန်းထန် က အနားယူသွားပြီဖြစ်တဲ့အတွက် ဦးအောင်ကျော်မိုးကပဲ ဒုဝန်ကြီးအဖြစ် နဲ့ တာဝန်ထမ်းဆောင်နေမှာ ဖြစ်ပါတယ်။ 

NUG ယာယီသမ္မတဒူဝါလရှီးလကလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရှိနေပြီး ပြည်ပရောက်ဝန်ကြီးတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက် အင်အားစုစည်းကြဖို့လည်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့်ရှိသူကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော် - BAMAR ARMY အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ် ( ၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။