အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၉ ကြိမ်မြောက်အစည်းအဝေးရဲ့ ဥက္ကဋ္ဌ H.E. Mr. Philemon Yang အပါအဝင် ကုလသမဂ္ဂရှိ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်သူ အားလုံးထံ သံအမတ်ကြီးက ရေးသားပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုတွေကို အကြောင်းအရာ တစ်ခုချင်းစီအလိုက် ပုံမှန်အခါအခွင့်သင့်တိုင်း တင်ပြမှုကနေ ၂၀၂၅ ခုနှစ် နှစ်စမှာ အာဏာသိမ်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုမှတ်တမ်းတွေကို စုပေါင်းပြီး ပေးပို့လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁လတာအတွင်းမှာ စစ်ကောင်စီက ဆိုးရွားစွာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှု အခြေအနေတွေကို ပေးပို့လိုက်တာဖြစ်ပါတယ်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်တာတွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်ရဲ့ နှစ်စမှာ အာဏာသိမ်းစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေထဲက ထင်ရှားပြီး လူအသေအပျောက်များခဲ့တဲ့ ဖြစ်စဉ်တွေကို အသေးစိတ်ပေးပို့လိုက်တာလည်းဖြစ်ပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၁၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅၂ ဦးကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကြောင်းမဲ့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

တစ်ဆက်တည်းမှာပဲ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက်နေ့က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ ဒေသခံ လေးဆယ်ကျော် သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ပူးတွဲပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄  ဒီဇင်ဘာ ၃၁ ရက်က ပဲခူးတိုင်းဖြူးမြို့နယ်ထဲက ဟိန္ဒူဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့မှုကိုလည်း ပေးပို့ခဲ့တာပါ။

အခုလို စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်ခွင့်ရနေတဲ့ စစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်တွေ မရောင်းချဖို့ အပါအဝင် ဝင်ငွေရရှိနေတဲ့  နည်းလမ်းတွေ အားလုံးကို ဖြတ်တောက်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ထိထိရောက်ရောက်အရေးယူပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးအတွက် အကူအညီနှင့် ရန်ပုံငွေ ပိုမိုလိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ မြန်မာ့အကျပ်အတည်းအတွက် အကူအညီနဲ့ ရန်ပုံငွေတွေ ပိုမိုထောက်ပံ့ပေးကြဖို့ စက်တင်ဘာလ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဆင်တွေနဲ့ စားနပ်ရိက္ခာ လိုက်လံထောက်ပံ့

ထိုင်းနိုင်ငံမြောက်ပိုင်းက စံချိန်တင်ရေကြီးနေတဲ့ ချင်းမိုင်ခရိုင်အတွင်း ပိတ်မိနေသူတွေဆီ ဆင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုက်လံထောက်ပံ့ပေးနေတာတွေကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။