စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၅ ရက် မနေ့က ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောတိုင်းရွာအနီး တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေရှင်းလင်းရေးလုပ်ငန်းကို ကန့်ဘလူခရိုင်အမှတ်(၄)တပ်ရင်းနဲ့အတူ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ နဲ့ PDF ပူးပေါင်းစစ်ကြောင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်တိုက်ခိုက်၊ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ ကတိရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ CNF ပြော

စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။