အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။ 

နှစ်နိုင်ငံ ဝန်ကြီးဌာနအလိုက် နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြသလို နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် သဘောတူညီချက် ၁၀ ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်ပြလာကြပါတယ်။ 

ဒီတစ်ခေါက် စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ တရုတ်နိုင်ငံခရီးစဉ်တွေနဲ့ မတူဘဲ ရုရှားသမ္မတကနေ မဟာမိတ်နိုင်ငံအဖြစ် တရားဝင် ဖိတ်ကြားတွေ့ဆုံခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်ခေါင်းဆောင်ကလည်း ရုရှားခရီးစဉ်ကို အလေးနက်ထားခဲ့ပြီး အလေးနက်ထားတဲ့အလျောက် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်

“မြန်မာပြည်မှာ တရုတ်ကို ကျောက်ဖြူရေနက်ဆိပ်ကမ်းပေးထားသလိုပဲ ရုရှားကိုလည်း ထားဝယ်ရေနက်ဆိပ်ကမ်းပေးလိုက်တော့ ရုရှားကလည်း ဒါက သူ့အတွက် ထူးခြားတဲ့ အခွင့်အလမ်းပေါ့ဗျာ။ ရုရှားအနေနဲ့ အင်ဒိုပစိဖိတ်ဒေသမှာ ရင်းနှီးမြှုပ်နှံဖို့ ရဖို့က တော်တော်တော့ ခဲယဉ်းတာပေါ့လေ။ ဒါပေမယ့် အခုက ရေနက်ဆိပ်ကမ်းဆောက်ခွင့်ကို စာချုပ်ချုပ်လိုက်တဲ့ အခါကျတော့  ရုရှားကလည်း သူ့ကို နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကူညီပေးမယ်ဆိုတာကို စာချုပ်စာတမ်း ချုပ်ဆိုလိုက်တာဖြစ်တယ်” လို့ ဦးသန်းစိုးနိုင်က မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက အပိုဆုကြေးအနေနဲ့ လက်နက်ဝယ်ယူခွင့်တွေလည်း ရထားတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ 

“ရှုံးနိမ့်နေတဲ့ စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းအားကိုးရလိုက်တယ်ဆိုပြီး သူက အူရွှင်နေတယ်။ သူပြန်လာရင်တော့ ရုရှားလုပ်ငန်းရှင်တွေရော၊ နည်းပညာတွေရော ရလာလိမ့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့ဘက်ကလည်း လိုအပ်တာတွေ ပြင်ဆင်ထားရပါမယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။ 

နျူကလီးယားစက်ရုံတွေ မြန်မာပြည်မှာ အနည်းဆုံးစက်ရုံ ၃ရုံတည်ဆောက်မှာဖြစ်ပြီး ပဲခူးတိုင်းနဲ့ နေပြည်တော်တဝိုက်မှာ တည်ဆောက်နိုင်တယ်လို့ ဆိုပါတယ်။ 

“ရေခံ မြေခံအရ နေရာရွေးချယ်မယ်ဆိုရင် ကပစ စက်ရုံတွေလို အကြီးစားစက်ရုံတွေမှာပဲ ပြန်ပြီး အခြေစိုက်တည်ဖို့များပါတယ်။ ပဲခူးထက်တောင် နေပြည်တော် တပ်ကုန်းလောက်မှာ နေရာရွေးလိမ့်မယ်” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

(ဓာတ်ပုံ REUTERS)

ရုရှားခရီးစဉ်အတွင်း မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ဟာ ဗျာဒိတ်တော်လာ ကြွက်မင်း ဖြစ်ကြောင်း၊ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗျာဒိတ်တော်ထဲမှာ ပါဝင်ခဲ့ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ 

အခုလို ယုံတမ်းစကား ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာလည်း မင်းအောင်လှိုင်က ဝေဖန်ခံနေရတာပါ။ 

“ပြောရမယ်ဆိုရင် ဒါတွေက တိုင်းပြည်ခေါင်းဆောင်တွေကို မြှောက်ပေးတဲ့ အလုပ်တွေပါ။ ဒါနဲ့ ပတ်သက်ပြီး ပူတင်က ဘာမှ နားလည်မယ်မထင်ပါဘူး” လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။ 

ရုရှားနိုင်ငံနဲ့ စစ်ကောင်စီ ဆက်ဆံရေး တိုးတက်လာနေတဲ့ အပေါ်မှာလည်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စည်းလုံးမှုကို အမြန်တည်ဆောက်ပြီး စစ်ကြောင်းအားလုံး‌ နေပြည်တော် ချီတက်ကာ စစ်ကောင်စီကို မောင်းထုတ်ဖို့သာ အရေးကြီးတယ်လို့လည်း ဆိုခဲ့ပါတယ်။

(ဓာတ်ပုံ REUTERS)
0 Shares:
You May Also Like
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
Read More

ပင်လည်ဘူးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းကို သိမ်းယူနိုင်ဖို့ လမ်းစလား

၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးက ရလာတဲ့ စစ်ရေးအတွေ့အကြုံတွေနဲ့ လက်နက်တွေကြောင့် ဝက်လက်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်နိုင်ခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်းများ

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ယောက်ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။