မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။

မတ်လ ၅ ရက်၊ မနေ့က ညပိုင်းမှာ မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာက ကန်ရွာကို မီးလောင်ဗုံး ၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကန်ရွာအတွင်းက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုအပါအဝင် နေအိမ် ၄လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ဗုံးထိမှန်ကာ လင်မယား ၂ ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့ ၁၆ နှစ်အရွယ် ကျောင်းသား ၁ ယောက်လည်း ထပ်မံသေဆုံးသွားခဲ့ကြောင်း ကိုဘကောင်းက ပြောပါတယ်။

“သေဆုံးတစ်ယောက်ထပ်တိုးတယ်ပေါ့နော်။ ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်ညီထွန်းလင်းဆိုတဲ့ လူငယ်လေးပါ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အခြားထိခိုက်ထားတဲ့ အမျိုးသား၂ ယောက်နဲ့ အမျိုးသမီး၁ယောက်ဟာလည်း ထိခိုက်ဒဏ်ရာစိုးရိမ်ရတာကြောင့် ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။

အထက်ပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နေထိုင်ခြင်းမရှိဘဲ ပြည်သူတွေသာ နေထိုင်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအပေါ် ပြည်သူတွေ အထင်မြင်လွဲအောင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ဂန့်ဂေါမြို့မြောက်ပိုင်းက တောင်ခင်ရန်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါပြီး  အရပ်သားနေအိမ် ၁ လုံး မီးလောင်ကျွမ်းကာ အခြားနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာ  မကွေးတိုင်းအတွင်းက တော်လှန်ရေးအားကောင်းရာ ပခုက္ကူ၊ မြိုင်နဲ့ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဥ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု နေ့စဥ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။

 

 

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ သမိုင်းတရားခံတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ  သေပြီ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။