စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၅ ရက် မနေ့က ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောတိုင်းရွာအနီး တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေရှင်းလင်းရေးလုပ်ငန်းကို ကန့်ဘလူခရိုင်အမှတ်(၄)တပ်ရင်းနဲ့အတူ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ နဲ့ PDF ပူးပေါင်းစစ်ကြောင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီး လစဉ်သုံးပစ္စည်းထဲ စစ်ကောင်စီကို ILO အရေးယူရေး သတင်းစကားထည့်ကာ အလုပ်သမားထုကို ဖြန့်ဝေ

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃" နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။