စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။

မတ်လ ၂ ရက်၊ နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွာ၊ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ၆၀ မမ၊ ၄၀ မမ လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီးရွာအတွင်းက နေအိမ်၂လုံးထိခိုက်ပျက်စီးပြီး ဘန်ကာတွေလည်း မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

“လေးဘက်လေးလံကနေ ဝိုင်းပစ်ခဲ့တာပေါ့။ ပစ်တာတွေက ၄၀မမ ၁၀လုံး နဲ့ ၆၀မမ ၁၅လုံးပါ။ အဲ့မှာ ပျူရွာထဲက အိမ်၂လုံး မီးလောင်သွားတယ်။ ဘန်ကာတွေနားလည်း လောင်တယ်ပေါ့နော်။ စစ်အုပ်စု အထိအခိုက်ကတော့ တော်တော်များတယ်​။ အတိကျတော့မသိသေးဘူး။” လို့ Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေချိန်အတွင်း မုံရွာ-ချောင်းဦးလမ်းပေါ်ရှိနေတဲ့  မြပုလဲဆီဆိုင်အတွင်းက စစ်ကောင်စီတပ်တွေဟာလည်း လက်နက်ကြီး ၁၂၀မမ ၅လုံးနဲ့  တော်လှန်ရေးတပ်တွေရှိရာကို ပြန်လည်ပစ်ခဲ့ပြီး ညသန်းခေါင်အချိန်အထိပါ ဟောင်ဝှဝ်ဇာနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့နဲ့အတူ TRIPLE. TWO၊ ဒေါင်းရာဇာနဲ့ တခြားသော ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့က စစ်ကိုင်းတိုင်း၊  ဆားလင်းကြီးမြို့နယ် အခြေစိုက်အဖွဲ့ပါ။ ဒါပေမယ့် မဟာမိတ်တွေက ပျူရွာကိုပစ်မယ်ဆိုတော့ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေလို့ ကူညီလိုက်တာပါ။ ချောင်းဦးနယ်အထိသွားပစ်ဖို့ ၂ညပဲအိပ်ခဲ့ရပြီး သွားပစ်ခဲ့တယ်ပေါ့။  စကစဘက်က ဟောင်ဝှဝ်ဇာနဲ့ ပြန်ပစ်ပေမယ့်လည်း တော်လှန်ရေးမဟာမိတ်တွေ အထိအခိုက်မရှိ ဆုတ်ခွာခဲ့နိုင်ပါတယ်။” လို့ Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက် က ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ပျူစောထီးများ အခြေစိုက်ရာ ကင်းမွန်တောရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေစဥ် (ဓာတ်ပုံ Monywa Inventor)

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

ဇူလိုင်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုများကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါ ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ဖို့ ILO အကြို ကနဦး ဆုံးဖြတ်ချက်အပေါ် အလုပ်သမားအဖွဲ့အစည်းများ ကြိုဆို

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ဖို့ အကြိုကနဦး ဆုံးဖြတ်လိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။  
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။