စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ပျူစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပျူစောထီးစခန်းရှိ အိမ် ၂ လုံးနဲ့ ဘန်ကာတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-ချောင်းဦးလမ်းပေါ်ရှိ မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ တော်လှန်ရေးရဲဘော်တွေရှိရာကို ပြန်လည်ပစ်ခတ်ပြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ TRIPLE. TWO၊ ဒေါင်းရာဇာနဲ့ တခြားသော ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အထိနာနေသည့် စစ်ကောင်စီလေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ဒီနေ့ဇူလိုင်လ ၁၆ ရက်မှာ ဖားကန့်ရှိ မှော်မောင်းလျံကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အများသေဆုံးပြီး စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ၁၀၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ ယောက်နှင့် သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။