မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။

မတ်လ ၄ရက် (ဒီနေ့) မနက်အစောပိုင်းမှာ မြိုင်မြို့နယ် အနောက်ဘက်မှာရှိတဲ့ ဆင်စိန်ရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဂျက်ဖိုက်တာတွေက ပေါင်၅၀၀ ဗုံးတွေနဲ့ ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တွေ ပြိုကျပျက်စီးတာ၊ ဘုရားစေတီတွေ ပြိုကျတာအပြင် စိန်ဖူးတော် မြေခတာတွေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ အမျိုးသား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိပြီး ၁ယောက်မှာ ဆေးကုသနေချိန်အတွင်း သေဆုံးသွားခဲ့ပါတယ်။

“ဘုန်းကြီးကျောင်းမှာ ပြည်သူတွေ နေကြပါတယ်။ ရိုးရာတောင်သူအလုပ် လုပ်ကြတာပါ။ တိုက်ပွဲမရှိဘဲ လုပ်သွားတာလို့ ပြောရပါမယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။

မတ်လအတွင်း မြိုင်နဲ့ ပေါက်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး အရပ်သား ဒါဇင်ကျော် ထိခိုက်သေဆုံးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက် မနက်အစောပိုင်းကလည်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ဆိပ်ချေး၊ ဂျုတ်ကုန်း ၊ ဘောင်ဘင့် ၊ ညောင်ကုန်း၊ ဆူးဝင်း၊ တောရွာ ၊ လက်ပံတိုနဲ့ သရက်ကန်ရွာတွေကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတွေက လေကြောင်းတိုက်ခိုက်မှု ၉ကြိမ်အထိ လုပ်ဆောင်ခဲ့ရာ အရပ်သား ၁၂ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး  မြိုင်နဲ့ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ရေနံမှော်နယ်မြေအတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ပစ်မှတ်ထား လေ​​​ကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက်  ရေနံကျင်း သစ်တူးဖော်ရေးကိစ္စတွေ ရပ်နားထားဖို့နဲ့ လုပ်သားအဝင်အထွက် အချက်အလက်တွေကို စနစ်တကျသတင်းပို့ဖို့လည်း မြိုင်ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်မှုထမ်းတပ်သား ၁ဦး၊ ပျူ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်ရောက်ခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ "သိမ်းငှက်စစ်ဆင်ရေး" လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပဲခူးတိုင်းအရှေ့ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းကို အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်ကြေညာ

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။