တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့ ကတ်သလစ် စေတမန်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီတပ်သားတချို့ ထိတွေ့တိုက်ပွဲအတွင်း ဖရိုဖရဲနဲ့ စွန့်ခွာထွက်ပြေးမှုတွေအထိရှိခဲ့ပါတယ်။

တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်က ဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားက တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုးဗြဲဒေသကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ KNDF တို့ဟာ နေ့စဉ်ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း KNDF က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တို့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်နဲ့ မိုင် ၁၀၀ ကျော်လောက်သာ ကွာဝေးပြီး ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲဒေသဟာ အာဏာသိမ်းစစ်တပ်အတွက်အရေးပါသလို ပထဝီအနေအထားအရ အချက်အချာဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲကနေ ပြန်လည်ရယူဖို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

ရေကြည်မြို့နယ်မှာ တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ငွေတောင်းစာတွေကို သတိထားကြဖို့ ရေကြည် ပကဖ ပြော

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နာမည်ကို အသုံးပြုပြီး  အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက အလှူခံပို့စ်တွေ၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေကြောင်း ရေကြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းကို စစ်ကောင်စီ ကုန်းကြောင်းလေကြောင်း အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေ၊ ၁၂ ရက်ကြာ ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းကြောင့် နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရက်အတန်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အင်အား ဆယ်ဂဏန်းခန့် သေဆုံးခဲ့တယ်လို့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။