ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင်လုပ်ပြီး နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ စားအုန်းဆီ၊ ချည်နဲ့ ချည်ထွက်ပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းမှုကို လျှော့ချသွားဖို့ လိုတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ဈေးနှုန်းမှန်တဲ့ သွင်းအားစုတွေကို တောင်သူတွေသုံးစွဲနိုင်ရေး မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ထိန်းကျောင်းလုပ်ဆောင်နေတယ်လို့လည်း မင်းအောင်လှိုင်ကပြောပါတယ်။
“သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးက ရွှေသီးစေတယ်” လို့ ပြောပါတယ်။
စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်တဲ့ အညာဒေသမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စိုက်ပျိုးရေးမှာ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းနေတာပါ။
စစ်အာဏာသိမ်းမှုကြောင့် အဖက်ဖက်က ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားငွေရှားပါးလာလို့ ပြည်ပသွင်းကုန်တွေကို လျှော့ချဖို့ ပုံစံတစ်မျိုးနဲ့ ဝန်ခံပြောဆိုလာတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တောင်ကမ္မရိုက်ကျေးရွာထဲ စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD / Ramonnya Mon Army က ထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် Southern Eagle PDF မှ ကျဆုံးရဲဘော် ၇ ဦးကို ဂုဏ်ပြုဦးညွတ်ကြောင်း ထုတ်ပြန်…

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

သွေးစွန်းသင်္ကြန်လှုပ်ရှားမှု အဖြစ် ရန်ကုန်မှာ ပြုလုပ်

ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။