မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ လူအယောက် ၇၀၀ ကျော် စစ်မှုထမ်းစာရင်း ထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခေါင်းငုံ့ခံမနေဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ ညောင်ဦးအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ ညောင်ဦးမြို့နယ်၊ ရပ်ကွက်တွေအတွင်းကနေ အမျိုးသား ၇၂၂ယောက်ကို စစ်မှုထမ်းခိုင်းဖို့ရှိတဲ့အကြောင်း အမည်၊ နေရပ်လိပ်စာ စာရင်းစာရွက်စာတမ်းတွေကို People’s Democratic Army-PDA က စစ်ဆင်ရေးလှုပ်ရှားမှုတစ်ခုကနေ ရရှိခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ အခုလို အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ – စစ်မှုထမ်း အပတ်စဉ် (၁၀) အတွက် စုဆောင်းခံထားရသူများ
အခုလို စစ်မှုထမ်းစာရင်း နာမည်တွေ ထွက်ပေါ်လာတဲ့အပေါ် စစ်ကောင်စီလက်အောက်ကနေ အရပ်သားတွေ အမြန်ဆုံးထွက်ပြေး လွတ်မြောက်နိုင်ဖို့နဲ့ နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေထံ ခိုလှုံသင့်တယ်လို့လည်း People’s Democratic Army-PDA က အသိပေးပါတယ်။
“စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရုံမှတစ်ပါး တခြားမရှိဘူးဆိုတာကို လူငယ်အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့လည်း အဲ့အတွက်ကူညီဆောင်ရွက်ပေးနေပါတယ်” လို့ People’s Democratic Army-PDA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေတုန်းကလည်း ညောင်ဦးမြို့နယ်မှာ လူငယ်၊ လူရွယ်အမျိုးသား၊ အမျိုးသမီးတွေ ဖမ်းဆီးခံရတာမျိုးရှိခဲ့ပြီး လူငယ်အမျိုးသားတွေကို မိတ္ထီလာ၊ ကျောက်ပန်းတောင်းနဲ့ ရှမ်းမြောက်အထိ ပို့ဆောင်ခဲ့တာလည်း​ ရှိတယ်လို့ သိရပါတယ်။
“အရင်ကတော့ စာရင်းမရှိဘဲ ဆွဲခဲ့တာပေါ့။ အခုတော့ နာမည်စာရင်းထွက်လာတယ်။ အရင်က ရရင်ရသလိုဆွဲတာ ဆိုတော့ မိသားစုတွေဘက်ကလည်း ကျနော်တို့ဘက်ကို သတင်းပေးတာမျိုးတွေဘာတွေမရှိခဲ့ဘူး။ မြို့နယ်တစ်ခုလုံးဆိုရင် ၁၀၀ ကျော်လောက်ရှိမယ်။ ဆွဲခံရသူအများစုကတော့ ကျောက်ပန်းတောင်းနဲ့ မိတ္ထီလာဘက်က တပ်တွေဆီကို ပို့ခံရတယ်လို့ သိရပါတယ်။” လို့ 21 Bagan- People Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ညောင်ဦးမြို့နယ်ဟာ စစ်ကောင်စီအားကောင်းရာ နေရာတစ်ခုဖြစ်သလို ရှေးဟောင်းယဥ်ကျေးမှုအမွေနှစ်ထွန်းကားရာ ပုဂံဘုရားတွေတည်ရှိရာ မြို့နယ်လည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစ​ကြိုလမ်းပိုင်းမှာ စစ်ကောင်စီနောက်ချန်တပ်တွေနဲ့ ပကဖ တပ်ဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံး…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ချုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ယောက်ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။