စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ခမရ ၃၆၁ စစ်ကြောင်းနဲ့ သင်္ကန်းဝတ်ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း ကလေးငယ်အပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူသားဒိုင်းလုပ်ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ကစပြီး ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းပေါ်မှာရှိတဲ့ ပေကြီးရွာကို စစ်အုပ်စုတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရင်း နေအိမ်တွေကို ဖျက်ဆီးကာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အရပ်သား ၃၀ ကို လူသားဒိုင်းလုပ်ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း)
ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ (ကန့်ဘလူခရိုင်)
အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၃ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီက ငှက်ပျောတိုင်းရွာကို ဝင်ရောက်ပြီးအသက် ၁၂နှစ်အရွယ် ကလေးငယ်၁ယောက်နဲ့ အရပ်သား ၂ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ပေကြီး၊ ငှက်ပျောတိုင်း စတဲ့ကျေးရွာတွေထဲ ယာယီတပ်စွဲရင်း နေအိမ်တွေကို မီးရှို့တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်​​​ဆောင်ခဲ့တယ်လို့လည်း ကန့်ဘလူခရိုင် တပ်ရင်း-တပ်ရင်း၄ တာဝန်ရှိသူကပြောပါတယ်။
“လက်ရှိအချိန်ထိ လူသားဒိုင်းလုပ် ဖမ်းခံထားရသူတွေ ပြန်မလွတ်သေးပါဘူး။ ပေကြီးရွာ စာသင်ကျောင်းထဲမှာ ထားတယ်လို့ သိရတယ်။အတိအကျကတော့ မပြောနိုင်သေးပါဘူး” လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက် မနက်ပိုင်းကလည်း ပေကြီးရွာထဲက စစ်အုက်စုတွေကို ကန့်ဘလူခရိုင် တပ်ရင်း၄နဲ့ ခရိုင်တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု အထိအခိုက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လ ၂ရက် ဒီနေ့မနက်ပိုင်းမှာလည်း အရပ်သား၁ယောက် စစ်အုပ်စုရဲ့ ဒရုန်းဗုံးမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ပေကြီးရွာအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် ကျေးရွာပေါင်း ၈ခုက အရပ်သားထောင်နဲ့ချီ စစ်ကြောင်းလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။