မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက် မနက်ပိုင်းက ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့လာမှာက အမြဲတမ်းကြိုပြီး သတင်းရပါတယ်။ အဓိက,ကတော့ သူတို့ပြန်မယ့် သူတို့ဖြတ်မယ့်လမ်းကို စောင့်ကြိုပြီးတော့ အပြတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းသတင်းဌာနကို ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာ ပြင်းထန်လွန်းတာကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့ စစ်ကြောင်းပြန်လည်ဆုတ်ခွာဖို့အတွက် လေကြောင်းပစ်ကူတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ Jet-Fighter နဲ့ တစ်ကြိမ်၊Mi-35 နဲ့ တစ်ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး တပ်ဆုတ်ထွက်ပြေးသွားခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအဆင့်အပါအဝင် ၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်သားအယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ်လည်း စစ်သား ၉ ယောက် အရှင်ဖမ်းမိကာ လက်ရှိမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“၉ ဦးသေဆုံးတာကတော့ မျက်မြင်ပါပဲ။ စစ်သုံ့ပန်း ၉ ဦးကတော့ ညီနှောင်မဟာမိတ်တွေနဲ့ တိုင်ပင်ပြီးတော့ ဘာဆက်လုပ်သွားမယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ” လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
တိုက်ပွဲမှာ မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ အချိန် ၇ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း MBTတပ်ဖွဲ့က ရဲဘော် (၂) ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ်တပ်တွေဘက်ကလည်း ထိခိုက်မှုအချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက ၆၀ မမ တစ်လက်၊ RPG- 7 တစ်လက် အပါအဝင် လက်နက်ငယ် အချို့နဲ့ အခြားခဲယမ်းဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခုထုတ်ပြန်ထားတဲ့ လက်နက်သိမ်းဆည်းရရှိမှုနဲ့ စစ်သား သေဆုံးမှုတွေဟာ MBT တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေ တာဝန်ယူထားတဲ့ Point အတွင်းက အရေအတွက်သာဖြစ်ပြီး တခြား Point နေရာတွေမှာလည်း တိုက်ခိုက်မှုတွေလည်း ရှိတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေဟာ အခုထက် ပိုများနိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊ ​ရေစကြိုမြို့နယ် (ပလဖ)၊ MSPDF နဲ့ အခြားညီနောင်မဟာမိတ်များစွာ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိစဥ်
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် စစ်ကော်မရှင်တပ် ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အကြမ်းဖက်စစ်‌ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံဆီိက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။