တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ရက်အထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥတ္တူကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၆ ယောက် သေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်က ၃ ယောက် သေဆုံးခဲ့မှုတွေ ရှိခဲ့ပါတယ်။

၁၇ ရက်ကြာ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲက ငြိမ်သက်နေကာ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေလို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ စစ်တပ် eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ က သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ အကြမ်းဖက် စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို ဒီဇင်ဘာ ၂၂ ရက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။