ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၆ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အနန်းကွင်းကျေးရွာ၊ ပန်းအောင်ကျေးရွာနဲ့ ခုနှစ်ဝါကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီး၊ Y 12 (၁)စီးနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်းက သံဃာ(၂)ပါးနဲ့ ရွာသား(၅) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခုနှစ်ဝါ(ခ)မောထီးကျေးရွာမှာလည်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ နဂါးနီစစ်ကြောင်းက ဆိုပါတယ်။

အနန်းကွင်းဗျူဟာတပ်စခန်းမှာ စစ်ကောင်စီတပ်က အင်အား (၂၀၀)ကျော် ရှိနေပြီး ဗျူဟာမှူး ဝနလှိုင်နဲ့အဖွဲ့က ရဟတ်ယာဉ် Mi(17) နဲ့ လူချိန်းပြီးပြန်ရမှာဖြစ်ပေမယ့် လာကြိုတဲ့ ရဟတ်ယာဥ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြေပြင်ကို မဆင်းသက်နိုင်ဘဲ လာရာလမ်းအတိုင်း ပြန်လည် ဆုတ်ခွါသွားခဲ့ရတယ်လို့လည်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အခုလို ရဟတ်ယာဥ် ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်ရာကျေးရွာတွေကို အကြောင်းမဲ့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံထင်ပြီး ပေါ်တာဆွဲသည့် စစ်ကောင်စီ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုသွားရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံထင်ပြီး ပေါ်တာဆွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ် ။
Read More

မုံရွာနဲ့ ကလေးက ကျေးရွာတွေကို သုံးရက်တာအတွင်း ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာနဲ့ ကုလကို NUG ကတောင်းဆို

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။