မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

စလင်း(ပကဖ)ရဲဘော်တွေက စလင်းမြို့ပေါ်သွား‌ရောက်ကာ ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မြို့‌ပေါ်ရပ်ကွက်တွေမှာ လှည့်ကင်းပတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စလင်း ပကဖ ရဲဘော်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ဘေးဒုက္ခကြောင့် စိတ်ဓာတ်ကျနေတဲ့ မြို့နေပြည်သူတွေနဲ့ တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားတက်စေဖို့ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက် မနက်ပိုင်းကစလို့ စလင်း ပကဖ ပိတ်ထားခဲ့တဲ့ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့  နေ့လယ်ကစပြီး အရင်အတိုင်း ဖြတ်သန်းသွားလာအသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူတွေ လက်နက်ကြီးအန္တရာယ်နဲ့ စစ်ကောင်စီတပ် ကားချောဆွဲခံရမယ့်ကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ဆင်ဖြူကျွန်း-တ‌ညောင်ကားလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပြီး ခရီးသွားပြည်သူတွေ နားလည်ပေးဖို့လည်း စလင်း ပကဖ က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမြို့နယ် ပကဖ ရဲ့ လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။