မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့၊ နေ့လယ်ပိုင်းက ဆင်ပေါင်ဝဲမြို့ပေါ်ကနေ လချုပ်စာရင်းတွေလုပ်ပြီးပြန်လာတဲ့ လဲ့ဇင်စခန်းမှူး ဒုရဲအုပ်ရန်နိုင်ဌေးနဲ့ လက်အောက်ငယ်သားတွေကို ကျောသာနဲ့သပြေစမ်းရွာကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သရက်ခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ်(၅)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် နာရီဝက်အတွင်း ရဲ ၃ယောက်သေဆုံးကာ ၂ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကားပေါ်ပါလာတဲ့ စခန်းမှူးဖြစ်သူ ဒုရဲအုပ် ရန်နိုင်​ဌေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သရက်ခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့ကဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့တာ စခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့ လွတ်မြောက်သွားပါတယ်။” လို့ ဆိုပါတယ်။

တိုက်ပွဲအပြီး သေဆုံးသွားတဲ့ ရဲဲဲတွေဆီက 79 ၁လက် နဲ့အတူ ခြောက်လုံးပြူး သေနတ်၁လက်၊ ၄၀မမ ဗုံးသီး၂လုံး၊ MA 13 ၁လက်၊ MA 13ကျည် ၁၃၀တောင့်၊ G.3 ကျည် ၁၂၀တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ လက်ကိုင်ဖုန်း ၅လုံး၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၅ခုနဲ့ ဝန်ထမ်းကဒ် ၂ခုတို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။