စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့က BGF ခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းပြောဆိုထားတဲ့ ထုတ်ပြန်ချက်မှာ JFM က တစ်ဆက်တည်း စစ်ကောင်စီရဲ့ ပါဝင်ပတ်သတ်နေမှု အခြေအနေတွေကို ထုတ်ပြန်လိုက်တာပါ။

မြန်မာစစ်တပ်ဟာ  ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကို လည်ပတ်လုပ်ကိုင်နေပြီး၊ ကရင်နယ်ခြားစောင့်တပ်ကို ကြားခံ လက်သပ်မွေးထားပြီး ဆိုင်ဘာငွေလိမ်လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ခြင်းဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။ 

ကရင်နယ်ခြားစောင့်တပ်ဟာ  မြန်မာစစ်တပ်ရဲ့  အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိနေပါတယ်။  ဒါ့ကြောင့်  စစ်ကောင်စီက သွယ်ဝိုက် ကျူးလွန်လျက်ရှိတဲ့  နိုင်ငံတကာရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေ ရှာဖွေပေးတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်း ကွန်ရက်တစ်ခုအဖြစ် လည်ပတ်လျှက်ရှိတယ်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် ဒေသတွင်းနိုင်ငံတွေက ကျားဖြန့်နဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေကို ဦးစားပေးတိုက်ဖျက်လာချိန်မှာ  နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များက ပိုမိုဖြန့်ကြက်စဉ်းစားပြီး မြန်မာစစ်တပ်အား ပစ်မှတ်ထား စောင့်ကြည့်ဖို့လည်း လိုအပ်ကြောင်း JFM က တိုက်တွန်းပါတယ်။  

အရပ်ဘက်အဖွဲ့အစည်းများ ဆက်တိုက်တောင်းဆိုနေတဲ့ မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိနေမှုများအား ဖြတ်တောက်ဖို့လိုအပ်နေသလို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက်လည်း စစ်ကောင်စီက တာဝန်ခံရမယ်လို့ လည်းဆိုပါတယ်။

လက်ရှိအာဏာသိမ်းစစ်တပ်ဟာ  မြန်မာနိုင်ငံရဲ့ ဥပဒေအရသာမက နိုင်ငံတကာဥပဒေတွင် ဖွင့်ဆိုချက်များအရပါ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ်ရပ်တည်နေပြီလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအပြီး  အာဆီယံဟာ စစ်အုပ်စုအတွက် မှားယွင်းတဲ့ နိုင်ငံရေးအရတရားဝင်မှု ပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အပြစ်ကင်းလွတ်စွာ ကျူးလွန်ခွင့်ရနေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီကို အာဆီယံက နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်လိုက်ခြင်းဟာ ပိုမိုရဲတင်းစေရုံသာမက၊ နိုင်ငံတကာဥပဒေသက်ရောက်မှုများအား ကျော်လွှားရှောင်တိမ်းနိုင်တဲ့ နည်းလမ်းများပေးအပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင်နိုင်ငံတကာက  လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအပေါ်  စီမံချက်နဲ့ တိုက်ဖျက်ရေးအပေါ်မှာလည်း ဟန့်တားနှောင်ယှက်ရာရောက်စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့်  အရေးယူဆောင်ရွက်မှုများ အဖြစ် စစ်အုပ်စုအား အင်တာပိုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖယ်ထုတ်ရေးလည်း ပါဝင်ဖို့ အဓိကလိုအပ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍၊ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှု တွေနဲ့ လူကုန်ကူးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ကြောင်း JFM သတိပေးပြောကြားပါတယ်။

မြန်မာ့အိမ်နီးချင်းဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းနဲ့ ဆိုက်ဘာငွေလိမ်မှု ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့  တာဝန်ဝတ္တရားတစ်ရပ် ရှိတယ်လို့လည်း Justice For Myanmar ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

မီတာခ ကောက်ဖို့ ပျူစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းကနေ မီတာခကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JUSTICE WARRIORS FORCE အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီးကိစ္စကြောင့် နယ်ကျွံမိတဲ့ နယ်ထိန်းရဲ ပစ်ခတ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။