အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှ ပြည်သူသို့ အလှူငွေဖြစ်တဲ့ ကျပ် (၉၁၈.၂၃) သန်းကို ထောက်ပံ့ကူညီခဲ့တာဖြစ်ပြီး ထောက်ပံ့ကူညီမှုတွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူနဲ့ စစ်ဘေးရှောင်ပြည်သူ (၁ဝ၂,၇၂၁) ယောက် ရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၈၆၇.၄) သန်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် (၁၂၃) ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၂၄၇) ယောက်အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၃၁.၅) သန်း ၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၅.၄) သန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၆) သန်း နဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၂.၄) သန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ NUG ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။