မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က တန့်ကြည့်တောင်ခြေရင်း လက်ပန်ချောင်းရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေရဲ့ အထိုင်ချစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ စစ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ – DYT၊ ပခုက္ကူခရိုင် တပ်ရင်း ၈ နဲ့ မြစ်ခြေပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ချစ်မိုး ‌အလင်းဝင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း၏ (၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇)နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းက ပေးပို့တဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေထားပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။