အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU မှ ဘွဲ့ရရှိသူ ၅၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၅ ဖေဖော်ဝါရီ ၂၂ရက် ကလိုင်ဇာမြို့ မြို့တော်ခန်းမ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါတက္ကသိုလ်ကနေ အဓိကအားဖြင့် CDM ပြုလုပ်ထားတဲ့ ဆရာ၊ဆရာမများက အဓိကသင်ကြားမွေးထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

(ဓာတ်ပုံ Laiza TV)

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘွဲ့နှင်းသဘင်အခမ်းအနားမှာတော့ကျောင်းသားကျောင်းသူ ၂၀၀ကျော်ကို သက်ဆိုင်ရာပညာရပ်အလိုက်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ KIO ရဲ့သတင်းနှင့်ပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။

အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားကို လတ်တလော ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်မှာ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်လည်း တက်ရောက်ခဲ့ပါတယ်။

“သင်တို့ရဲ့ အသိပညာ အတက်ပညာတွေကို အသုံးပြုပြီး အခြားသူများကို မြှင့်တင်ပေးပါ” ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဘွဲ့နှင်းသဘင်အခမ်းအနားရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပိုမိုတရားမျှတ၍ လောကပါလတရားထွန်းကားသော အနာဂတ်ကို ဖန်တီးတည်ဆောက်သွားကြရန်လည်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က  ဆက်လက်ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Simsa Kasa Multimedia)
(ဓာတ်ပုံ Simsa Kasa Multimedia)
(ဓာတ်ပုံ Simsa Kasa Multimedia)
(ဓာတ်ပုံ Simsa Kasa Multimedia)
0 Shares:
You May Also Like
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။