စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ SNA တပ်ဖွဲ့ဝင် ၉ ယောက်က ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ချိတ်ဆက်ကာ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသော SNA တပ်ဖွဲ့ဝင် ၉ ယောက်ဟာ G-3 သေနတ် ၃ လက်၊ AK ဒင်ခေါက် ၁ လက်၊ AK ၁ လက်၊ ကီးချန်း ၁ လက်၊ G-3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် တို့ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံစေခဲ့တယ်လို့ ဟုမ္မလင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပေးခဲ့သလို အခြားတော်လှန်အင်အားစုတွေကလည်း အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို လာရောက်တွေ့ဆုံကာ စိတ်ဓာတ်ခွန်အားပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့က ဦးဆောင်ပြီး အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို ဂုဏ်ပြုငွေ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် ၁၊ ၂ ၊ ၃ တပ်ရင်းက ခေါင်းဆောင်တွေ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နဲ့အတူ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

SNA ရဲဘော်တွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဟုမ္မလင်းမြို့နယ် ပကဖ ကို ဆက်သွယ်နိုင်ပြီး SNA ရဲဘော်တွေကို လှိုက်လှဲစွာ ကြိုဆိုနေတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့ ရဲစခန်းထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ အဖွဲ့ကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်၏ ကြားဝင်မှုဖြင့် မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်

တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။