မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် မနက်အစောပိုင်းက ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုးရေးတပ်ရဲ့ ရှေ့တန်းဂိတ်ဖြစ်တဲ့ ပွင့်ဖြူမြို့အဝင် စံပြကျေးရွာနဲ့ ၅ မိုင်အကွာမှာရှိတဲ့ ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက စလင်းမြို့နယ်ဘက်ကနေ အင်အား ၅၀ ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်ဆီ ပို့ဆောင်ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ရေးအခြေနေတင်းမာနေတာကြောင့် စံပြ-ဆည်တော်လမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုကြဖို့ မင်းဘူးခရိုင် တပ်ရင်း ၇ က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

မြစ်ဝကျွန်းပေါ်‌ဒေသမှာ ဧရာဝတီတိုင်း စစ်ဌာန အခြေချနိုင်တာသည် အောင်ပွဲဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား၊ နှစ် ၇၀ ကျော် သက်တမ်းရှိ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

ကြို့ပင်ကောက်မှာ သင်္ကန်းဝတ် စစ်တပ်ထောက်လှမ်းရေးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ စစ်ကောင်စီအတွက် ထောက်လှမ်းသတင်းပို့နေသူကို ဖမ်းဆီးရမိခဲ့မယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းပစ်ခတ်လိုက်ရတယ်လို့ BTZM GBK PDF ထံက သိရပါတယ်။